#Local_News
Published - 6 July 2022

 

သီလဝါအထူးစီးပွားရေးဇုန်တွင် SKD စနစ်ဖြင့် ထုတ်လုပ်ရောင်းချနေသည့် ဆူဇူကီး ကားစက်ရုံ ယာယီပိတ်ထားကြောင်း လူမှုကွန်ရက်တွင် သတင်းများ ထွက်ပေါ်နေသည်။

 

"ကားတင်သွင်းခွင့်ရော၊ ကားထုတ်လုပ်ခွင့်ရော ပါမစ်လိုတယ်လေ။ ကားတင်သွင်းခွင့်ဆိုရင်လည်း ပါမစ်လိုတယ်။ SKD ဆိုတာက ဒီမှာတပ်ဆင်ထုတ်လုပ်တာလေ။ အဲဒါလည်း ပါမစ်လိုတယ်။ ပါမစ်နှစ်ခုလုံးကို ပိတ်ထားတာ တစ်နှစ်ကျော်သွားပြီ။ ပါမစ်မရှိတော့ ဆက်လုပ်လို့မရတော့ဘူး။ ကားတင်သွင်းခွင့်မရတော့ဘူး။ ကားထုတ်လုပ်ခွင့် မရတော့ဘူး။ လက်ရှိ stock တွေကိုပဲ ထုတ်ရောင်းနေရတာပေါ့။ အခုက Stock လက်ကျန်တွေ အကုန်ပြတ်ကုန်ပြီ။ ကားစက်ရုံတိုင်း၊ ကား showroom တိုင်း ရပ်တည်ဖို့ ခက်ခဲသွားတယ်။ ဆူဇူကီးတစ်ခုတည်းမဟုတ်ဘူး။ အကုန်လုံးက ကားတွေရပ်ထားတာ။ အဲဒါကြောင့် ကားဈေးတွေတတ်သွားတာ။ ပါမစ်ပိတ်လိုက်တော့ ကားတွေတင်သွင်းလို့ မရတော့ဘူး။ ကားထုတ်လုပ်လို့မရတော့ဘူး။ အဲ့တော့ အကုန်လုံးနားသွားတာ။ ရောင်းစရာမရှိလို့ နားထားတဲ့သဘောပေါ့"ဟု ကားဝယ်ရောင်းလုပ်ငန်းလုပ်သူတစ်ဦးက YMG ကိုပြောသည်။

 

ပြည်တွင်းသို့ သွင်းကုန်တင်သွင်းခြင်းနှင့် ပတ်သက်၍ တစ်ဦးချင်းကားတင်သွင်းမှုအပါအဝင် ဇိမ်ခံပစ္စည်းများ တင်သွင်းခြင်းကို ကန့်သတ်ထားဆဲဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၆ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းပွဲအတွင်း ပြောကြားခဲ့သည်။

 

နစက အနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာမှစတင်ပြီး ကားတင်သွင်းမှုကို ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။

 

ymg/sth
#Yangon_Media_Group