#Local_News
Published_6 July 2022

 

သရုပ်ဆောင် ဦးမိုးဒီ Grand Hanthar ဆေးရုံတွင် နှလုံး‌ခွဲစိတ်ကုသမှုတစ်ခုပြုလုပ်ခဲ့ရကြောင်းသိရသည်။

 

ဇူလိုင်လ ၅ ရက် မွန်းလွဲပိုင်းကစတင်၍ ခွဲစိတ်ခန်းစဝင်ပြီး ညနေ (၅)နာရီခွဲတွင်ပြီးစီးခဲ့ကြောင်း၊ သွေးကြောချဲ့ကိရိယာ (၃)ချောင်းထည့်သွင်းရကြောင်း ၊ ပရိသတ်များ စိတ်မပူကြရန်နှင့် ကျန်းမာအောင်ဆုတောင်းပေးကြစေလိုကြောင်းလည်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

"မနေ့ကမှ ခွဲစိတ်ထားရတာဆိုတော့ အရေးပေါ်ခန်းထဲမှာပဲ စောင့်ကြည့်နေပါတယ်။ ဘယ်နေ့ဆေးရုံက ဆင်းမယ်ဆိုတာတော့ မသိရသေးပါဘူးရှင့်"ဟု မိသားစုဝင်တစ်ဦးက YMG ကို ပြောသည်။

 

ဦးမိုးဒီ အနေဖြင့် ယခင်ကလည်း လည်းကျောက်ကပ်ကြောင့် ခွဲစိတ်ကုသမှုတစ်ခု ခံယူထားခဲ့ရသေးကြောင်း သိရသည်။

 

အဆိုပါ ခွဲစိတ်ကုသမှုအတွက် ငွေကျပ် သိန်းတစ်ရာခန့် ကုန်ကျမည်ဆိုသောကြောင့် ဦးမိုးဒီအား မိတ်တွေများက လှူဒါန်းပေးခဲ့ကြသည်ကိုလည်း လူမှုကွန်ရက်တွင် မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။

 

ymg/mt
#Yangon_Media_Group