#Local_News
Published - 5 July 2022

 

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ရေအားလျှပ်စစ်စီမံကိန်းအသစ် (၆) ခုကို ဆောင်ရွက်သွားရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။

 

အဆိုပါ စီမံကိန်းဖော်ဆောင်လိုသည့် ကုမ္ပဏီများအနေဖြင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာပြုစုခြင်း ပြုလုပ်ရမည် ဖြစ် ကြောင်းထည့်သွင်းဖော်ပြထားသည်။

 

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဖြင့်ဆောင်ရွက်မည့် စီမံကိန်းတွင် ဖုန်အင်ခ၊ ကဆန်ရေ၊ နမ့်မယ်ဆိုင်၊ နမ့်ကန်၊ နမ့်တဘက်(ကယား)နှင့် အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းတို့ ပါဝင်ပြီး စိတ်ဝင်စားသည့် လုပ်ငန်းရှင်ကုမ္ပဏီများကို အပ်နှံလိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

အဆိုပါတင်ဒါပုံစံကို ဩဂုတ်လ ၈ ရက်ထိ ရောင်းချပေးမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက် နောက်ဆုံးထား၍ အဆိုပြုလွှာတင်သွင်းရမည်ဖြစ်ကြောင်း၊ တင်ဒါကြေညာပုံစံအသေးစိတ်ကို moee.gov.mm မှာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကြေညာထားသည်။

 

ymg/sth
#Yangon_Media_Group