#Local_News
Published - 5 July 2022

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကယ်ဆယ်ရေးပစ္စည်းအိမ်ထောင်စု (၄၅၀၀)စာ ထားရှိနိုင်မည့် ကြက်ခြေနီ သိုလှောင်ရုံသစ်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်၊၊

 

နယူးဇီလန်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အဖြစ် ရခိုင်ပြည်နယ်ကြက်ခြေနီ သိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အဦးကို ကျပ်ငွေသန်းပေါင်း(၁,၂၇၈) သန်း‌ကျော် အကုန်အကျခံ၍တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆောက်အဦး မြေညီထပ်တွင် အိမ်ထောင်စု(၁၅၀၀)မှ အိမ်ထောင်စု (၃၀၀၀)အထိ အသင်းမှ စံသတ်မှတ်ထားသော ကယ်ဆယ်ရေး အသုံးအဆောင် ပစ္စည်းများကို သိုလှောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးခြင်းများ ပြုလုပ်နိုင်မည့် အဆောက်အဦး ဖြစ်ပြီး ပထမထပ်တွင် ဆေးဝါးပစ္စည်းများ သိုလှောင်ခန်း၊ ရုံးခန်း၊ သင်တန်းခန်းမ၊ နားနေခန်း၊ အမျိုးသား တည်းခိုဆောင်နှင့် အမျိုးသမီးတည်း‌ခိုဆောင်များကိုလည်း ပါဝင်တည်ဆောက်ထားခြင်းဖြစ်သည်၊၊

 

အဆိုပါ ရခိုင်ပြည်နယ်ကြက်ခြေနီ သိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အဦးသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းရှိ သိုလှောင်ရုံ(၃၀)လုံး အနက် ကယ်ဆယ်တုံပြန်ရေးလုပ်ငန်းများအတွက် သိုလှောင်လက်ခံနိုင်စွမ်းရည်၊ ကြက်ခြေနီစေတနာလုပ်အားရှင်များကို စွမ်းဆောင်ရည် တိုးတက်‌စေရန် သင်တန်းများပေးနိုင်မည်ဖြစ်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group