#Local_News
Published - 4 July 2022

 

ပြင်ပမှ လိုင်စင်ရဘဏ်များသို့ ဝင်လာသည့် နိုင်ငံခြားသုံးငွေများကို တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဆိုသော ညွန်ကြားချက်တွင် အကျုံးမဝင်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်များနှင့် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီများကို ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားသည်။

 

နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီအစည်းအဝေး အမှတ်စဉ် ၂၆/၂၀၂၂ နှင့် ၂၇/၂၀၂၂ ဆွေးနွေးဆုံးဖြတ်ချက်အရ Woori Bank Representative Office ၏ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံခြားငွေစာရင်းရှိ နိုင်ငံခြားငွေများ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများနှင့် ၎င်းအောက်ရှိ ကုမ္ပဏီများဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်၊ ကျောက်ဖြူ သီလဝါ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ကုမ္ပဏီလီမိတက်တို၏ သက်ဆိုင်ရာနိုင်ငံခြားငွေစာရင်းမှနိုင်ငံခြားငွေများ၊ အိန္ဒိယနိုင်ငံပိုကုန်သွင်းကုန်ဘဏ်၊ China National Oil Corporation – CNUOC ( Myanmar Branch) နှင့် Panjab National Bank Yangon Representative Office တို အကျုံးဝင်ခြင်း မရှိကြောင်း ဖော်ပြထားသည်။

 

ပြည်တွင်း၌ နေထိုင်သူများသည် ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ဝင်လာသည့် ဝင်ငွေများကို တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ပြီး ပြည်ပမှ ဝင်လာသည့် နိုင်ငံခြားသုံးငွေများကို အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ ဖြင့် လဲလှယ်ရမည်ဟု ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားသည်။

 

ပြင်ပမှ လိုင်စင်ရဘဏ်များသို့ ဝင်လာသည့် နိုင်ငံခြားသုံးငွေများကို တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဆိုသော ညွန်ကြားချက်တွင် အကျုံးမဝင်သည့် လုပ်ငန်းများ ၊ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေး အေဂျင်စီများကို ဗဟိုဘဏ်မှ ဧပြီလ ၂၀ ရက် ရက်စွဲဖြင့် တစ်ကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group