#Local_News
Published_4 July 2022

 

မြန်မာအလုပ်သမားအသစ် ၁၃၆ ဦး တောင်ကိုရီးယားသို့ ထပ်မံသွားရောက်ခွင့်ရမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

 

အဆိုပါ အလုပ်သမားများအနေဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ပင်လုံခန်းမသို့ ဇူလိုင်လ ၁၃ရက်တွင် အာမခံကြေး၊ ဝန်ဆောင်ခစရိတ်၊ လေယာဉ်လက်မှတ်ပေးသွင်းခြင်းနှင့် အကြိုသင်တန်းတက်ရောက်ကြရန်သွားရောက်ကြရမည်ဟု အဆိုပါ စာရင်းများတွင် ဖော်ပြထားသည်။

 

ယင်းအလုပ်သမားများမှာ ကိုရီးယားနိုင်ငံသို့သွားရောက်မည့် အလုပ်သမားအသစ်များဖြစ်ကြောင်း၊ ဇူလိုင်လ မကုန်မီသွားရောက်ကြရမည့်သူများဖြစ်ကြောင်းလည်း သိရသည်။

 

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၄၀၀၀၀ ကျော် တရားဝင် သွားရောက်လုပ်ကိုင်နေကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရသည်။

 

ymg/mt
#Yangon_Media_Group