#Local_News
Published - 2 July 2022

 

ဈေးရောင်းပွဲတော်ပြုလုပ်နေပေမယ့်လည်း လူသိနည်းပါးနေသောကြောင့် မြန်မာ့လက်မှုအနုပညာပစ္စည်း အရောင်းဈေးကွက်အေးစက်လျက်ပဲရှိသည်ဟု မြန်မာ့လက်မှုအနုပညာအသင်းဥက္ကဌဦးသာဓုက YMG ကို ပြောသည်၊၊

 

နိုင်ငံခြားသားအဝင်မရှိတော့သည့် အချိန်မှစ၍ မြန်မာ့လက်မှုပစ္စည်းရောင်းအားများကျဆင်းအေးစက်ခဲ့ပြီး ပြည်တွင်းကအဝယ်အနည်းငယ်သာ ရှိခဲ့ခြင်းဖြစ်သည်၊၊

 

"မိုးရာသီဈေးရောင်းပွဲတော်တွေ လုပ်ပေးခဲ့ပါတယ်၊၊ အခုလည်း အပတ်စဉ်စနေ၊တနင်္ဂနွေနေ့တိုင်း မြန်မာ့လက်မှုအနုပညာစင်တာမှာ ဈေးရောင်းပွဲတော် ပြုလုပ်ပေးနေပါတယ်၊၊ အဲဒီလို ပြုလုပ်ပေးနေပေမယ့်လည်း လူသိနည်းပါးတဲ့အတွက် မြန်မာ့လက်မှုအနုပညာပစ္စည်းဈေးကွက် အေးစက်နေဆဲပဲရှိပါတယ်၊၊ အပတ်စဥ်စနေ၊ တနင်္ဂနွေတိုင်း ပြုလုပ်တဲ့ ဈေးရောင်းပွဲတော်မှာတော့ မြန်မာ့လက်မှုအနုပညာပစ္စည်းတွေကို တစ်စုတစ်စည်းတည်း ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူတွေဆီက ဝယ်ယူလို့ရပါတယ်"ဟု မြန်မာ့လက်မှုအနုပညာအသင်းဥက္ကဌ ဦးသာဓုက YMG ကို ပြောသည်၊၊

 

မြန်မာ့လက်မှုအနုပညာ အသင်းအနေဖြင့် မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊အမှတ်တရလက်ဆောင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများ၊ စားသောက် ကုန်များကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မလမ်းမကြီးပေါ်ရှိ 'မြန်မာ့လက်မှုအနုပညာစင်တာ'တွင် အပတ်စဥ်စနေ၊ တနင်္ဂနွေတိုင်း 'ဈေးရောင်းပွဲတော်'အနေအဖြစ် ဆိုင်ခန်း(၂၄)ခန်း ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group