#Local_News
Published_2 July 2022

 

တရားမဝင်မြန်မာများပါ ကားတစ်စီး မလေးရှားသို့သွားရောက်စဉ် တိမ်းမှောက်၍ ၂၃ ဦးဒဏ်ရာရသွားကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်သူများက ပြောသည်။

 

ဇူလိုင်လ တစ်ရက်ညနေ ၃ နာရီခန့်အချိန်က ထိုင်းနိုင်ငံ အာရှလမ်းမကြီး တောင်ပိုင်းအဝင် ဗန်းလမ်လိုင်ရွာ ထခေခရိုင် ထချန်ခရိုင်ခွဲ စုရာဇ်ဌာနီတွင် ကားတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စိုးရိမ်ဒဏ်ရာ ရသူမရှိကြောင်း သိရသည်။

 

ယင်းမြန်မာနိုင်ငံသားများအား အဖြူရောင်ပစ်ကပ်ကားတစ်စီးဖြင့် တင်ဆောင်၍ မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် ပို့ဆောင်ရန် သွားရောက်စဉ် လမ်းတွင် မော်တော်ဆိုင်ကယ်ဖြင့် တိုက်မိသောကြောင့် အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_group