#Local_News
Published _ 2 July 2022

 

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေရောင်းဝယ်ခြင်း အခွန်စည်းကြပ်မှု အမြင့်ဆုံးနေရာအဖြစ် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျောက် သတ်မှတ်ထားကြောင်း အခွန်ဦးစီးဌာနမှ သိရသည်။

 

မြေရောင်းဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရမည့်နှုန်းထားများအား စတုရန်းပေများနှင့် သတ်မှတ်ထားရှိပြီး ယင်းသတ်မှတ်နယ်မြေများ၌ အရောင်းအဝယ်ပြုလုပ်သည့်အခါ ၁ စတုရန်းပေကို ငွေကျပ် ၃သိန်းခွဲ သတ်မှတ်ထားကြောင်း ယင်းမှသိရသည်။

 

ယင်းစည်းကြပ်မှုနှုန်းထားကို ၂၀၂၁-၂၀၂၂ မီနီဘတ်ချက်ကာလာတွင်း ၆လအတွင်းသတ်မှတ်ထားပြီး ယခင်က ၁ စတုရန်းပေ ကို ငွေကျပ် ၃သိန်းသတ်မှတ်ထားကာ ယခုတွင် ငွေကျပ် ၃သိန်းခွဲအဖြစ် သတ်မှတ်ကာ လ ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group