#Local_News
Published - 2 July 2022

 

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဥ်လိုင်းများပေါ်တွင် ယာဉ်အကူတွေလိုက်ပါလာပြီး ယာဉ်စီးခ ၅၀၀ ကျပ်နှင့်အထက် ပိုမိုကောက်ခံသည့် YBS ယာဉ်အစီးရေ ၁၂၀ ကျော်ကို တစ်နှစ်ပြေးဆွဲခွင့်ပိတ်ပြီး အရေးယူထားကြောင်း YRTC မှသိရသည်။

 

ယင်းအပြင် ယာဉ်စီးခ ပိုတောင်းသည့် ယာဉ်အစီးရေ ၄၆ စီးကို ခြောက်လပိတ် ခြင်း၊ ယာဉ်အကူ လိုက်ပါပြီး ပြေးဆွဲသည့် ယာဉ် ၂၅၁ စီးကို သုံးလပိတ်သည့်အပြင် ခရီးစဉ်မှတ်တမ်းမပါသည့် ယာဉ် ၁၁၂ စီးကို သုံးလပိတ်၍ အရေးယူထားကြောင်း သိရသည်။

 

ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ သုံးထောင်ကျော်ဖြင့် နေ့စဥ်ပုံမှန်ပြေးဆွဲပေးနေကြောင်း သိရသည်။

 

လက်ရှိတွင် ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဥ်များတွင် ယာဉ်နောက်လိုက်များ လိုက်ပါပြီး ယာဉ်စီးခပိုမိုကောက်ခံမှုများရှိနေကြောင်း ခရီးသည်များထံမှ သိရသည်။

 

ymg/sth
#Yangon_Media_Group