#Local_News
Published - 2 July 2022

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဝါတွင်းတရားပွဲများကို ဝါဆိုလပြည့်နေ့ဇူလိုင် (၁၂)ရက်မှစတင်ပြီး အပတ်စဥ်ဥပုသ်နေ့တိုင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

ဂေါပကအဖွဲ့မှကြီးမှူး၍ နှစ်စဥ်ဝါတွင်းဥပုသ်နေ့များတွင် တရားပွဲများကျင်းပပြုလုပ်လေ့ရှိပြီး ကိုဗစ်ဖြစ်ပွားမှုများကြောင့် ယာယီရပ်နားခဲ့ရခြင်းမျိုး ရှိခဲ့ကာ
ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်၊၊

 

ဝါတွင်းကာလ ဝါဆိုလပြည့်နေ့ဇူလိုင်(၁၂)ရက်မှ သီတင်းကျွတ်လပြည့်နေ့အောက်တိုဘာလ(၉)ရက်အထိအပတ်စဥ် ဥပုသ်နေ့တိုင်းတရားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

ဗိုလ်တထောင်စေတီတော်တွင် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း နံနက်(၁၀)နာရီခွဲတွင် ဗိုလ်တထောင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များက သီလပေးမည်ဖြစ်ပြီးနေ့လည်(၁၂)နာရီခွဲတွင် သြဝါဒစရိယဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မဘဏာဂါရိက ဆရာတော်ကြီးများ၊ ဓမ္မကထိကဆရာတော်ကြီးများက တရားတော်ဟောကြားသွားမည်ဖြစ်ကာ ညနေ(၃)နာရီတွင် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့မှ တရားတော်များ ဟောကြားသွားမည်ဖြစ်ကြောင်း ဗိုလ်တထောင်စေတီတော် ဘဏာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group