#Local_News
Published - 1 July 2022

 

ဇွန်လအတွင်းစက်သုံးဆီမျိုးစုံ သိုလှောင်ထားတဲ့ သင်္ဘော(၁၇)စီးခန့်ရရှိပြီဖြစ်လို့ ပြည်တွင်းစက်သုံးဆီ လုံလောက်မှုရှိတဲ့အပြင် အရန်စက်သုံးဆီကိုပါ သိုလှောင်ထားရှိထားပြီဖြစ်ကြောင်း နစကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်၊၊

 

ဇူလိုင်လ(၁)ရက်က ကျင်းပပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်၊၊

 

"နိုင်ငံတော်အနေနဲ့ စက်သုံးဆီဖြန့်ဖြူးမှုကွင်းဆက်တစ်ခုလုံးကို ဟန်ချက်ညီအောင် ထိန်းညှိဆောင်ရွက်နေပါတယ်၊၊ အချို့သောဒေသတွေမှာတော့ ယာယီအားဖြင့် ဝယ်လိုအားနှင့် ရောင်းလိုအားမမျှတမှုတွေဖြစ်ပေါ်နိုင်ပေမယ့် ဒီလိုအခက်အခဲတွေ လျော့ပါးဖို့အတွက် Importer ကုမ္ပဏီတွေနဲ့ လက်လီဆိုင်တွေကြားမှာ လိုအပ်တဲ့ညှိနှိုင်းဖြေရှင်းမှုတွေကို ကျွန်တော်တို့အချိန်နဲ့ တပြေးညီဆောင်ရွက်ပေးလျက်ရှိပါတယ်၊၊ ဒီလိုစက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ချိခြင်း ကဏတစ်ရပ်လုံးကို ထိရောက်စွာ ထိန်းကျောင်းကိုင်တွယ်နိုင်ဖို့အတွက်လည်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကအဖွဲ့ဝင်(၁၀)ဦး ပါဝင်တဲ့ စက်ဆုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ချိရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီဖွဲ့စည်းခဲ့ပါတယ်၊၊ ဇွန်လအတွင်းမှာ စက်သုံးဆီမျိုးစုံ သိုလှောင်ထားတဲ့ သင်္ဘော(၁၇)စီးခန့်ရရှိပြီဖြစ်လို့ ပြည်တွင်းစက်သုံးဆီ လုံလောက်မှုရှိတဲ့အပြင် အရန်စက်သုံးဆီကို သိုလှောင်ထားရှိထားကြောင်း ပြောကြားလိုပါတယ်"လို့ နစကရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်၊၊

 

စက်သုံးဆီတွေကို သက်ဆိုင်ရာဆီ သိုလှောင်ရေးစခန်းတွေမှာ စနစ်တကျသိုလှောင်ထားရှိထားပြီး စနစ်တကျဖြန့်ဖြူးရောင်းချပေးလျက်ရှိတယ်လို့ ဆိုပါတယ်၊၊

 

ဒီ့အပြင် အခြားလုပ်ငန်းသုံးများအတွက်လည်း စက်သုံးဆီတွေကို ဦးစားပေးအစီအစဥ်နဲ့ လက်ကားဖြန့်ချိပေးလျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကထည့်သွင်းပြောကြားခဲ့ပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group