#Local_News
Published - 1 July 2022

 

အဝေးသင်စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ(၂၄၀၀၀)ရှိပြီး အဝေးသင်အောင် စာရင်းများကို မကြာမီထုတ်ပြန်ပေးမည်ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်၊၊

 

ဇူလိုင်လ(၁)ရက်က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်၊၊

 

"အဝေးသင်သင်တန်းတွေရှိတဲ့ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်(၄၁)ကျောင်းမှာ အဝေးသင်သင်တန်းတွေကို တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ပါတယ်၊၊ အဝေးသင်သင်တန်း အသီးသီးမှာ အနီးကပ်သင်တန်းများ ပို့ချပြီးတဲ့နောက်မှာ စာမေးပွဲဖြေဆိုတဲ့ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂၄၀၀၀ ရှိပါတယ်၊၊ အဝေးသင်အောင်စာရင်းများကိုလည်း မကြာမီထုတ်ပြန်ကြော်ငြာသွားမှာဖြစ်တယ်ဆိုတာ သိရပါတယ်"လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်၊၊

 

အဝေးသင်တက်ရန် ကျောင်းအပ်မှတ်ပုံတင်ဖို့ကျန်ရှိသည့် နှစ်ချို့ကျောင်းသားများနှင့် ၂၀၂၀ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်လာပြီး ၂၀၂၁ခုနှစ်ပညာသင်နှစ်အဝေးသင်ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရသူအားလုံး ယခုလဇူလိုင် ၃၁ ရက်အထိ သက်ဆိုင်ရာကျောင်းများတွင် ကျောင်းဝင်မှတ်ပုံတင်နိုင်ရန်ဆောင်ရွက်နိုင်ကြောင်း၊ နယ်ခြားဒေသများ၊ မလုံခြုံသောဒေသများမှ ကျောင်းပြန်တက်လိုသူများလည်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်ကြောင်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကထည့်သွင်းပြောကြားခဲ့သည်၊၊

 

ymg/tthl
#Yangon_Media_Group