#Local_News
Published_ 30 June 2022

 

၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် သုံးနှစ်၊ သုံးလ၊ သုံးရက် အဓိဋ္ဌာန်ပြည့်၍ မိုင်းကျတ်အထက်ဂူမှ ထွက်တော်မူလာမည့် မိုင်းဖုန်းဆရာတော်အား လာရောက်ဖူးမြော်သူများ အဆင်ပြေစေရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းကျတ်ကျေးရွာအနီးရှိ မိုင်းကျတ်အထက်ဂူတွင် ၂၀၁၉ ခုနှစ် ဧပြီလ ၂၈ ရက်မှစတင်၍ အဓိဋ္ဌာန်ပြု တရားကျင့်ကြံအားထုတ်ခဲ့တာ ဖြစ်ပါတယ်။

 

ဆရာတော်အား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရေး၊ နေထိုင်တည်းခိုရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးလိုအပ်ချက်များ အဆင်ပြေစေရေး ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

မိုင်းကျတ်ဂူမှ ထွက်တော်မူလာတဲ့အခါ မိုင်းကျတ်အောက်ဂူတွင် အပူဇော်ခံ၍ တရားတော်များ ဟောကြားမည်ဖြစ်ပြီး မိုင်းဖုန်းဆရာတော် အဓိဌာန်ဝင်သည့် မိုင်းကျတ်ကျောက်ဂူသို့ မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့များမှတစ်ဆင့် သွားရောက်နိုင်ကာ အဆိုပါမြို့များနှင့် ၃၇ မိုင်ခန့်အကွာတွင် တည်ရှိကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group