#Local_News
Published_ 30 June 2022

 

မြန်မာသံရုံး (တိုကျိုမြို့) မှ ၂၀၂၂ ခုနှစ်၊ ဇွန် (၁၆) ရက်မှ ဇွန် (၃၀) ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ ၂၃၅ ခု နှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး ထုတ်ပြန်ထားပါတယ်။

 

မြန်မာသံရုံး (တိုကျိုမြို့) အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ပေးပိုလာတဲ့ အလုပ်ကမ်းလှမ်းစာများကို အချိန်နှင့်တစ်ပြေးညီစိစစ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရပါတယ်။

 

မြန်မာသံရုံး (တိုကျိုမြို့) မှစိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့တဲ့ အလုပ်ကမ်းလှမ်းစာ ၂၃၅ ခုတွင် မြန်မာနိုင်ငံမှ အလုပ်သမားပေါင်း ၇၀၀ ကျော်ကို ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group