#Local_News
Published - 30 June 2022

 

ဇွန်လ (၃၀) ရက်မနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့်ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့အနီးတွင် မြေငလျင်များ လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရသည်၊၊

 

ဇွန်လ (၃၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၃၁)မိနစ်၊ (၅၆)စက္ကန့် အချိန်တွင်ကလေးမြို၏ အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာ အင်အားရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိကြောင်း ထုတ်ပြန်ထားသည်၊၊

 

ဇွန်လ (၃၀)ရက်မနက်ပိုင်း(၁)နာရီကျော်ကလည်း မိုင်းဖြတ်မြို့၏ မြောက်ဘက်မိုင်(၂၀)ခန့်အကွာတွင် အင်အားရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွား ကြောင်းသိရသည်၊၊

 

မြန်မာနိုင်ငံတွင် ဇွန်လဆန်းပိုင်းကနေစတင်ပြီး မြေငလျင်များ ဆက်တိုက်လှုပ်ခတ်လျက်ရှိပြီး မြေငလျင်ကြီးများလှုပ်ခတ်နိုင်ခြေရှိသဖြင့် အထူးဂရုပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဥ်မျိုးမင်းထွေးကလည်း သတိပေးထားသည်၊၊

 

ymg/tthl
#Yangon_Media_Group