#Local_News
Published_30 June 2022

 

မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၇၅ ဦး ဇွန်လ ၂၉ ရက်တွင် ပြည်တော်ပြန်ခွင့်ရခဲ့ကြကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက သိရသည်။

 

ယင်းတို့မှာ မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး၍ Bukitjali camp၊ Juru camp နှင့် melaka ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသူများထဲမှ မြန်မာနိုင်ငံသား ဖြစ်ကြောင်း စိစစ်မှန်ကန်သူများဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာသံရုံး ၊ ကွာလာလမ်ပူမြို့မှ တာဝန်ရှိသူများက မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို ပြန်လည်ပို့ဆောင်ပေးခဲ့ကြခြင်း ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group