#Local_News
Published _ 29 June 2022

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်း ဈေးကွက်တွင်ကြက်သွန်နီဈေး မြင့်တက်နေကာ ဝယ်လိုအားကောင်းနေကြောင်း ကြက်သွန်နီလုပ်ငန်းရှင် များထံမှ သိရသည်။

 

လက်ရှိဈေးကွက် အနေအထားအရ သိုလှောင်ထားရှိသည့် တောင်သူများသာ ရောင်းချနေတာကြောင့် ကြက်သွန်နီရှားပါးချိန်ရောက်ရှိလာပြီး ငွေဖလားရှယ် လက်လီ တစ်ပိဿာလျင် ငွေကျပ် ၂၀၀၀နှင့် လက်ကား တစ်ပိဿာလျင် ငွေကျပ် ၁၈၀၀ ဖြင့် ရောင်းချနေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

 

"ကြက်သွန်နီဈေး အရင်နှစ်ဈေးက တစ်ပိဿာကို ငွေကျပ် ၁၇၀၀ ကနေ ၁၈၀၀ အထိ ဈေးရခဲ့ပြီး အခုနှစ်ကတော့ ဝယ်လိုအားကောင်းပြီး ဈေးတက်လာတာကြောင့် အရင်နှစ်ဈေးတွေထက် ပိုရလာတယ်" ဟုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

ယခု မေလနှင့် ဇွန်လတို့တွင် ကြက်သွန်နီဈေးပြန်လည်မြင့်တက်လာပြီး ပွဲရုံဈေး အနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀ နှင့် ၁၇၀၀ ကြား ဈေးနှုန်းဖြင့် ရောင်းအားကောင်းနေကြောင်း ၊ ဈေးမြင့်တက်နေသော်လည်း ကြက်သွန်နီကားများ ပုံမှန်ဝင်ရောက်နေလျက်ရှိပြီး တစ်နေ့လျင် ကြက်သွန်နီ ပိသာချိန် ၃ သောင်း ပုံမှန်ရောင်းချနေရကြောင်း ကြက်သွန်နီလုပ်ငန်းရှင်များထံမှ သိရသည်။

 

ymg/NN
#Yangon_Media_Group