#Local_News
Published_ 29 June 2022

 

တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ကြေးခေတ်၊ သံခေတ် ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလသမိုင်းစဉ်၊ ပျူခေတ်ကာလသမိုင်းစဉ်၊ ပရိုင်းမိတ် ကာလသမိုင်းစဉ် (မူကြမ်း)များ ရေးသားပြီးပါက Review Meeting ကို ထပ်မံကျင်းပမည် ဖြစ်ကြောင်း သိရပါတယ်။

 

ဖြည့်စွက်အကြံပြုလိုသော ပညာရှင်များအနေဖြင့် မိမိတို့ကိုယ်တိုင် သုတေသနပြု တွေ့ရှိချက်များအား ခိုင်မာသော အထောက်အထားများဖော်ပြ၍ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)၊ ဖုန်း- ၀၆၇-၄၀၈၀၄၀၊ Email: This email address is being protected from spambots. You need JavaScript enabled to view it. များသို့ အချက်အလက်များ Review Meeting မပြုလုပ်မီ အချိန်မီပေးပိုနိုင်ကြောင်း ကြေညာထားပါတယ်။

 

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်၏ ကဏ္ဍတစ်ခု ဖြစ်သော ပရိုင်းမိတ်ကာလသမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ဆွေးနွေးပွဲတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပရိုင်းမိတ်ကာလသမိုင်းစဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံပထဝီဝင် ပေါ်ပေါက်လာပုံများအကြောင်း၊ ဘူမိဗေဒပညာရှင်ကြီးများ၏ တင်ပြဆွေးနွေးချက်များနှင့် ပရိုင်းမိတ်ပညာရှင်များက မြန်မာနိုင်ငံ၏ ပရိုင်းမိတ်ကာလသမိုင်းစဉ် ရေးသားပြုစုချက် များကို အကျဉ်းချုပ်ပြောကြားကြပါတယ်။

 

ထို့နောက် ဒဂုံတက္ကသိုလ်၊ ဘူမိဗေဒဌာန ပါမောက္ခ ဒေါက်တာစိုးမိုးလွင်က “Cenozoic Paleogeography of Myanmar (65-0 Ma ( Millennium Year Ago))” ကုန်းမြေချပ်များ ဆင့်ကဲ ပြောင်းလဲလာပုံနှင့် လွန်ခဲ့သော နှစ်သန်းပေါင်း (၆၅) သန်းက မြန်မာနိုင်ငံသည် ကမ္ဘာ့တောင်ဘက်အခြမ်းတွင် တည်ရှိခဲ့ပြီး Plate (၂)ချပ် ပွတ်တိုက်ခြင်းဖြင့် ယနေ့ခေတ် ကမ္ဘာ့မြောက်ဘက် အခြမ်းတွင် တည်ရှိလာပုံ၊ ဒုတိယ ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာ မောင်မောင်က “Stratigraphy of the primate-bearing beds of the Eocence Pondaung Formation at Paukkaung area, Myanmar” နှင့် စပ်လျဉ်း၍ Upper Memberနှင့် Lower Member များတွင် တွေ့ရှိသည်များ၊ ဒဂုံတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာအေးကိုအောင်က မြန်မာနိုင်ငံတွင် ဒိုင်နိုဆောကျောက်ဖြစ် ရုပ်ကြွင်းတွေ့ရှိနိုင်မှု၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က ပုံတောင်ပရိုင်းမိတ်ဒေသရှိ လူတူပရိုင်းမိတ်များ အကြောင်း(မူကြမ်း)၊ ယင်းဒေသရှိမျိုးရင်း၊ မျိုးစိတ်များအကြောင်း၊ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာန ပါမောက္ခ ဒေါက်တာဇင်မောင်မောင်သိန်းက တွေ့ရှိရသည့် ပရိုင်းမိတ်ဒေသများရှိ မျိုးစု(Genus)များနှင့် မျိုးစိတ်(Species)တွေ့ရှိမှု များကို ခွဲခြားဖော်ပြရေးသားခြင်းများ အကြောင်းကို ရှင်းလင်းဆွေးနွေးကြသည်။

 

ဆက်လက်၍ ပရိုင်းမိတ်ကာလသမိုင်းစဉ် လူတူပရိုင်းမိတ်အဆင့်မှ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ထိုမှ မြိုပြလူနေမှု အဆင့်ဆင့်တိုးတက်ပြောင်းလဲမှု၊ ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း ဒေသများကို ထိန်းသိမ်းထားရှိမှု၊ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းဒေသများကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် လျာထားဆောင်ရွက်နေမှု၊ ကာကွယ် ထိန်းသိမ်းရန်လိုအပ်မှု၊ ဆက်လက်တူးဖော် သုတေသနပြုရန် အလားအလာ ကောင်းမွန်သော နေရာများကို Short term , Long Term သုတေသန အစီအစဉ်များဖြင့် လျာထားမှု၊ ပြည်သူလူထုအား ယဉ်ကျေးမှုအမွေအနှစ် များနှင့် ပတ်သက်သော အသိပညာဖြန့်ဝေမှု၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကော မပပျောက်အောင် ဒေသခံများနှင့် ပြည်သူလူထုက ဝိုင်းဝန်းကူညီရန် လိုအပ်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group