Published-26 August 2021
ကိုဗစ်တတိယလှိုင်းမှာ ကူးစက်နှုန်းနဲ့သေဆုံးမှုနှုန်းမြင့်မားခဲ့တာကြောင့် ပြည်နယ်အသီးသီးက တိုင်းရင်းသားတွေအနေနဲ့ ကာကွယ်ဆေးကိုမဖြစ်မနေထိုးနှံဖို့ ကချင်ပြည်သူပါတီရဲ့ ဒုတိယဥက္ကဋ္ဌက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
 
တိုင်းပြည်အာဏာရယူထားတဲ့ တပ်မတော်အနေနဲ့လည်း တိုင်းရင်းသားတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်ကာကွယ်ဆေးရရှိထိုးနှံပေးဖို႔ဆောင်ရွက်နေတာကြောင့် ကာကွယ်ဆေးရရှိပါက ထိုးနှံကြဖို့ပြောဆိုလိုက်တာပါ။
 
"ကိုဗစ်ကြောင့်သေဆုံမှုနှုန်းများတာကို အခုတတိယလှိုင်း မှာ မြင်တွေ့ခဲ့ကြရပြီးပါပြီ လူတွေကအမျိုးမျိုးပြောတယ် ကိုဗစ်ကာကွယ်ဆေးထိုးရင် ဘာဖြစ်မယ် ညာဖြစ်မယ်အမျိုးမျိုးပြောတာ အဲ့ဒီစကားတွေအပေါ်မှာ
သွားမထိုးတဲ့လူတွေကပြင်းပြင်းထန်ထန်ခံစားရတယ် ကျွန်မကိုယ်တိုင်လည်းသွားမထိုးခဲ့တဲ့အတွက် ကူးစက်ခံရတယ်။ ကူးစက်တဲ့အခါမှာလည်း အသေအပျောက်များတာတို့ ဒါမျိုးတွေ တွေ့ကြုံရတယ် ဒါကြောင့်ဘာပဲပြောပြော ဒီကဏ္ဍတွေမှာတော့ နိုင်ငံတော်မှာ လက်ရှိတာဝန်ယူနေတဲ့သူတွေက နေရာတိုင်းမှာ ထိုးပေးဖို့လိုသလို အထိုးခံရမယ့်သူတွေကလည်း ဘယ်သူဘယ်ဝါထိုးပေးတယ်ဆိုတာကို ခေါင်းထဲမှာ မထည့်ပဲ ဘယ်သူဘယ်ဝါ ဘာကြောင့် ဘာနိုင်ငံရေးဆိုတာမစဉ်းစားပဲနဲ့ ကာကွယ်ဆေးကိုထိုးသင့်ပါတယ်" လို့ ကချင်ပြည်သူ့ပါတီရဲ့ ဒုတိယဥက္ကဋ္ဌကတိုက်တွန်းပြောဆိုလိုက်ပါတယ်။
 
နစကအနေနဲ့ တိုင်ရင်သား EAO အဖွဲ့အစည်းများ ထိန်းချုပ်ရာနယ်မြေဒေသရှိ ပြည်သူတွေကို ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် တိုင်ရင်းသားအဖွဲ့များနဲ့ ဆောင်ရွက်နေသလို စစ်ဘေးရှောင်နဲ့ ဒုက္ခသည်စခန်းတွေကိုလည်း ကာကွယ်ဆေးရရှိထိုးနှံနိုင်အောင်စီစဉ်နေတယ်လို့သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေအရ ဩဂုတ်လ၂၄ရက်အထိ ကာကွယ်ဆေးထိုးနှံပြီးသူစုစုပေါင်း ၄.၅၄ သန်း၊ နှစ်ကြိမ်အပြည့်ထိုးပြီးသူ ၁.၈ သန်းခန့်နဲ့ တစ်ကြိမ်ထိုးပြီးသူ၂.၇၄ သန်းကျော်ရှိတယ်လို့သိရပါတယ်။