#Local_News
Published_ 24 June 2022

 

ဘယ်လ်ဂျီယံနှင့် စပိန်အပါအဝင် ဥရောပနိုင်ငံများနှင့် အာဖရိကတိုက်မှ တိုဂိုနိုင်ငံတိုသို့ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ သိန်းခွဲခန့် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

 

ဆန်တင်ပို့ရန်အတွက် လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်းတွင် အလျား (၁၈၃) မီတာရှိ သင်္ဘောကြီး (၂) စီး၊ (၁၈၆) မီတာရှိ သင်္ဘောကြီး (၂) စီးနှင့် (၂ဝဝ) မီတာရှိ သင်္ဘောကြီး (၁) စီး စုစုပေါင်း (၅) စီး တံတားနေရာပြည့် ဆိုက်ကပ်ထားကြောင်း သိရပါတယ်။

 

အဆိုပါနိုင်ငံများသို့ စုစုပေါင်း ဆန်တန်ချိန် ၁၄၃၄ဝဝ တန်တင်ပို့မည်ဖြစ်ပြီး သင်္ဘောသုံးစီးသည် ဘယ်လ်ဂျီယံနိုင်ငံသို့ လည်းကောင်း၊ တစ်စီးသည် စပိန်နိုင်ငံသို့ လည်းကောင်း၊ ကျန်တဲ့တစ်စီးဟာ တိုဂိုနိုင်ငံသို့လည်းကောင်း မကြာမီထွက်ခွာမယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှ တစ်ဆင့် Bulk Carrier သင်္ဘောကြီးများ(ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ၂ဝ၂၁ ခုနှစ် ဧပြီလ မှ ၂ဝ၂၂ ခုနှစ် မတ်လအထိ ဆူးလေ ဆိပ်ကမ်းတံတားများမှ စုစုပေါင်းသင်္ဘော ၉ဝ စီးဖြင့် ဆန်တန်ချိန် ၁၃၅၇၂၀၂ တန် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

 

၂ဝ၂၂ ခုနှစ် ဧပြီလမှ ဇွန်လအထိ ၃ လ အတွင်း၌လည်း စုစုပေါင်း သင်္ဘော ၂၇ စီးဖြင့် ဆန်တန်ချိန် ၅၈၂၃၃ဝ ကို တင်ပို့ထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံထံမှ ၂ဝ၂၂ ခုနှစ် ဧပြီလတွင် ဆန်အများဆုံးဝယ်ယူသည့်နိုင်ငံများ၌ ကင်မရွန်း၊ တရုတ်၊ အင်ဂိုလာ၊ ဖိလစ်ပိုင် နှင့် ပိုလန် နိုင်ငံတို့ပါဝင်ပြီး ဆန်ကွဲအများဆုံး ဝယ်ယူသည့်နိုင်ငံများ၌ ဘယ်လ်ဂျီယံ၊ တရုတ်၊ စပိန်၊ နယ်သာလန် နှင့် ပိုလန်နိုင်ငံ တို့ပါဝင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group