#Local_News
Published_ 25 June 2022

 

ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများကို နေပြည်တော်တွင် အဆောက်အဦ ၂၈ လုံး၊ ရန်ကုန်တွင် အဆောက်အဦ ၁၉၄ လုံး၊ မန္တလေးတွင် အဆောက်အဦ ၉၁ လုံး တည်ဆောက်နေပြီး ပထမ အဆင့်မှာပြီးစီးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

 

စီမံကိန်းပထမအဆင့် အခန်းပေါင်း ၅၀၀၈ ခန်း တည်‌ဆောက်လျက်ရှိရာ နေပြည်တော်တွင် ၉၈ ရာခိုင်နှုန်း၊ မန္တလေးတွင် ၉၀ ရာခိုင်နှုန်းနှင့် ရန်ကုန်တွင် ၅၆ ရာခိုင်နှုန်းအထိ ပြီးစီး‌နေပြီဖြစ်ပါတယ်။

 

တည်ဆောက်ရေးစီမံကိန်းအတွက် ရန်ပုံငွေများကို ပြည်ထောင်စုမှ ၉၃ ဘီလီယံခန့်နှင့် တိုင်းဒေသကြီးမှ ၁၂ ဒသမ ၅ ဘီလီယံ၊ စုစုပေါင်း ၁၀၅ ဘီလီယံကျော် သုံးစွဲထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရွှေလေးရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ဒီကနေ့ ဇွန် ၂၄ ရက် နံနက်ပိုင်း နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး စီမံကိန်းဦးစီးကော်မတီရဲ့ (၁၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးက ဝင်ငွေနည်း ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန် ပြည့်သူ့အငှားအိမ်ရာ စီမံကိန်းဖော်ဆောင်နေရာ ပထမအဆင့် ပြီးစီးတော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောင်ရွက်နေတာဖြစ်ပြီး အခန်းပေါင်း ၁၀၀၀၀ ပါရှိမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group