Published -26 August 2021
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်တိုင် ကာကွယ်ဆေးထိုးထားပါက အကောင်းဆုံးခုခံနိုင်ပြီး အသက်သေဆုံးမှု လျော့ပါးစေသည့်အတွက်ရခိုင်ပြည်သူများ ကိုဗစ်ကာကွယ်ဆေး ထိုးထားကြရန် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ယနေ့ သြဂုတ်လ ၂၆ ရက်တွင်တိုက်တွန်းနှိုးဆော်စာ ထုတ်ပြန်လိုက်သည်။
 
ကိုဗစ် တတိယလှိုင်းတွင် သြဂုတ်လ ၂၅ ရက်ထိ ရောဂါပိုးတွေ့လူနာ ၃၉၁၄ ဦး၊သေဆုံးသူ ၃၇၁ ဦး ရှိပြီး အဆို ပါ ကိန်းဂဏန်းထက်ပင်ပိုများနိုင်ကြောင်း ၊လက်ရှိတွင် ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း ရောဂါကူးစက်မှု မြင့်တက်နေကြောင်းလည်း သိရသည်။
 
ယင်းအပြင် Stay at Home ကာလသတ်မှတ်ခြင်းကို သက်တမ်းထပ်မံမတိုးကြောင်း သို့သော်လည်း ပြည်သူ များအနေဖြင့် နေ့စဉ်ရောဂါကူးစက်မှု အရေအတွက် အတက်အကျစာရင်းကိုစောင့်ကြည့်ပြီး ကိုဗစ်စည်းမျဉ်း စည်းကမ်းချက်အတိုင်း လိုက်နာနေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။
 
အခြားနိုင်ငံအချို့တွင် ကိုဗစ် မျိုးကွဲသစ်များထပ်မံတွေ့ရှိနေရပြီး စတုတ္ထလှိုင်း စတင်မည့် ပုံရိပ်များမြင်တွေ့နေရ သောကြောင့် ရခိုင်ပြည်သူများ အပေါ့လျော့ကြရန်၊ကျန်းမာရေးအသိ ဂရုစိုက်ကြရန်၊ကိုဗစ်ရောဂါပိုးကူးစက်မှုမှာ လုံးဝရပ်တန့်လာခြင်းမျိုးမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနေသောကြောင့် မိမိတို့၏ သတိတရားနှင့် တစ်ဦးချင်း ဖြစ်စေ၊ ရပ်ရွာအလိုက်အစုအဖွဲ့ဖြင့်ဖြစ်စေ မလိုအပ်ဘဲအပြင်သွားလာခြင်းမျိုးမဟုတ်သောပုံစံဖြင့် နေထိုင်ကြရန်လည်း အဆိုပါ ထုတ်ပြန် ချက်တွင်ပါရှိသည်။