မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ တရစ်ရစ် တက်လာတဲ့ အမေရိကန်ဒေါ် လာဈေးဟာ ကျဆင်းမသွားဘဲ ပိုလို့ တက်လာနေတာ ပါ။ ဒီလိုသာ ဈေးဆက်ပြီး တက်နေမယ် ဆိုရင်တော့ ပြည်ပက သွင်းကုန်တွေ ၊ အဲဒီသွင်းကုန်ပစ္စည်းတွေကို သုံးစွဲနေရတဲ့ သုံးစွဲသူတွေအတွက် ထိခိုက်မယ်လို့  စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။