#LocalNews
Published - 20 June 2022

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း အဝေးပြေးကားဂိတ်များကို ဇွန်လ ၁၆ ရက်မှစတင်ပိတ်ထားခဲ့ပြီး လက်ရှိတွင် ပြန်ဖွင့်မည့်ရက်ကိုပင် မသိရသေးကြောင်း ကားဂိတ်တာဝန်ရှိသူများထံမှသိရသည်။

 

ယခင်က အောင်ဆန်းကွင်းရှိ အဝေးပြေးကားဂိတ်များကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၈ ရက်အထိ သုံးရက်ပိတ်ထားရမည်ဟု ကြေညာထားခဲ့ခြင်းဖြစ်သည်။

 

"အောင်ဆန်းကွင်းကားဂိတ်က ဖွင့်ဖို့ရက်အတိအကျ မသိရသေးဘူး။ ကြာအုံးမယ်။ ပစ္စည်းပို့ဘာညာဆိုရင် အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေ ပို့လို့ရတယ်။ ဘာကြောင့်ပိတ်တယ်ဆိုတာကတော့ မသိဘူး"ဟု အောင်ဆန်းကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယင်းအပြင် ပိတ်ထားသည့်ရက်များအတွင်း ဂိတ်အတွင်းသို့ရောက်ရှိနေသည့် ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်းသိရပြီး ဂိတ်ပိတ်ထားခြင်းကြောင့် ကုန်ပစ္စည်း ထုတ်ယူမည့်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

 

အောင်ဆန်းကွင်းကားဂိတ်တွင် ကုန်ပစ္စည်းများ အများဆုံးအတင်၊ အချပြုလုပ်သည့် အဓိကနေရာဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group