#LocalNews
Published _ 20 June 2022

 

ကမ္ဘာတစ်ဝန်း၌ ကိုဗစ်(၁၉) ရောဂါဖြင့် သေဆုံးမှုနှုန်းထားသည် တပတ်အတွင်း လေးရာခိုင်နှုန်း ပြန်လည်မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ သိရသည်။

 

ဇွန်လ ၆ ရက် မှ ၁၂ ရက်အတွင်း ကိုဗစ် (၁၉) ကူးစက်ခံရသူ လူနာသစ် ၃ ဒသမ ၂ သန်းရှိပြီး သေဆုံးသူဦးရေမှာ ၈၇၀၀ ကျော် ရှိကြောင်း သိရသည်။

 

အရှေ့တောင်အာရှတွင် ကိုဗစ် (၁၉) ရောဂါလူနာသစ် ၃၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို၌ အများဆုံး ဖြစ်ကြောင်းသိရသည်။

 

ဥရောပဒေသများတွင် အိုမီခရွန်မျိုးကွဲများကြောင့် ဆေးရုံတက်ရသူ အရေအတွက် ပိုများလာ ကြောင်း သိရသည်။

BA.4 နှင့် BA.5 သည် ပိုမိုပြင်းထန်သော ဖျားနာမှုတွေ မဖြစ်သော်လည်း ကိုဗစ်(၁၉) ရောဂါဖြစ်ပြီး အများထံ ထပ်မံကူးစက်ခံရတတ်ကြောင်း သိရသည်။

 

ကမ္ဘာတစ်ဝန်း၌ ဇွန်လ ၁၈ ရက် စာရင်းအရ ကိုဗစ်(၁၉) အတည်ပြုလူနာဦးရေ စုစု ပေါင်း ၅၄၃ သန်းကျော်ရှိပြီး သေဆုံးသူ ဦးရေဟာ ခြောက်သန်းကျော်ရှိကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group