#Local_News
Published_ 20 June 2022

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ဒီကနေ့ ဇွန် ၂၀ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်မှာ ၁၈၇၆ စင်တီမီတာသို့ ရောက်ရှိလာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ညောင်ဦးခရိုင် မိုး/ဇလရဲ့ ဒီကနေ့ နံနက် ၆ နာရီခွဲ အချိန်တိုင်တာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအောက်၌သာ ရောက်ရှိနေသေး ပြီး၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၂၄၄ စင်တီမီတာ လိုနေပါသေးတယ်။

 

ဧရာဝတီမြစ်ရေမှာ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပြီး ညောင်ဦးမြို့တွင် မြစ်ရေတိုင်းတာခြင်းကို တစ်ရက်ကို သုံးကြိမ် တိုင်းတာကြောင်း သိရပါတယ်။

 

ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်ရောက်ရန် ၁၀၀ စင်တီမီတာအလို ရောက်ရှိချိန်တွင် မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။

 

ဓာတ်ပုံ_ MOI
ymg-mnn
#Yangon_Media_Group