Published 16 June 2022

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund- UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Marcoluigi Corsi က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မစ္စတာကော်ဆီဟာ ယူနီဆက်အဖွဲ့ကို ၁၉၉၇ခုနှစ်က လက်ထောက်ပရိုဂရမ်အရာရှိအဖြစ် စတင်ဝင်ရောက်ခဲ့ပါတယ်။ ၁၉၉၉ခုနှစ်မှာ သူဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တာ်အခြေစိုက်တဲ့ ဆိုမာလီယားအထောက်အပံ့ပေးရေးစင်တာကို ပြောင်းရွှေ့ အမှုထမ်းခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ ယူနီဆက်ရဲ့ Eritrea အီရီထရီးယားနိုင်ငံ ဒုတိယဌာနေကိုယ်စားလှယ်အဖြစ် လည်းကောင်း၊၂၀၀၅မှ ၂၀၀၈ခုနှစ်အထိ ယူနီဆက်ရဲ့ စီမံကိန်း၊စောင့်ကြည့်လေ့လာရေး၊အကဲဖြတ်ရေးနှင့် အရင်းအမြစ် ရွှေ့ပြောင်းရးဆိုင်ရာ  အကြီးတန်းပရိုဂရမ်ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၀၈မှ ၂၀၁၁ခုနှစ်အထိ အင်ဒိုနီးရှားနိုင်ငံရဲ့ ယူနီဆက်ဒုတိယဌာနေကိုယ်စားလှယ်နှင့် အဲဒီနောက် ဘိုလစ်ဗီးယားနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဖြစ် ပြောင်းရွေ့ခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာ မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ အဲဒီနောက် ယူနီဆက်   အရှေ့အာရှနှင့်ပစိဖိတ်ရုံး ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့  ကြောင်း ယူနီဆက်သတင်းအရင်အမြစ်အရသိရပါတယ်။သူဟာ နိုင်ငံတကာ နို်ငံရေးသိပ္ပံမဟာဘွဲ့ရရှိထားတဲ့ အီတလီ  လူမျိုးတစ်ဦးဖြစ်ပါတယ်။

Ymg/nl/