Published_ 16 June 2022

ငြိမ်းချမ်းရေးဆွေးနွေးဖို့နေပြည်တော်ကိုရောက်ရှိနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ (၁) ခွန်ထွန်းတင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ  ဒီကနေ့ဇွန် ၁၆ ရက်မှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ စတင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ယခုထက်ထိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနေတာဖြစ်ပါတယ်။ ဆွေးနွေးပွဲတက်ရောက်ဖို့ အကြောင်းပြန်ထားတဲ့အဖွဲ့တွေထဲက ကျန်ရှိတဲ့ အဖွဲ့အစည်းတွေနှင့်လည်းဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ကျန်အဖွဲ့တွေကိုလည်း တက်ရောက်ဖို့ထပ်မံဖိတ်ခေါ်ထားတယ်လို့ နစက,က သတင်းထုတ်ပြန်ထားပါတယ်။

ymg/nl/