#LocalNews
Published - 16 June 2022

 

လူမှုကွန်ရက်ပေါ်တွင်ရောင်းနေသည့် ရေစင်ရေမန်း တွင် FDA ခွင့်ပြုချက် မပါသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း မြန်မာနိုင်ငံရေသန့်စက်ရုံလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

"ကျွန်တော်တို့ဆီကို တိုင်စာတတ်တယ်။ တိုင်စာထဲမှာ နှစ်သောင်းပေးပြီးဝယ်နေရတယ်။ FDA လက်မှတ်လည်းမပါဘူး။ သေချာစစ်ကြည့်လိုက်တော့လည်း FDA ခွင့်ပြုချက်မပါဘူး။ မပါတဲ့အတွက် ကျွန်တော်က မည်သည့်ရေသန့်ကိုမဆို မြန်မာတစ်နိုင်ငံလုံးမှာ ရောင်းမယ်ဆိုရင်တော့ FDA ခွင့်ပြုချက်လိုတယ်။ ဒါကြောင့် FDA လည်းမပါဘူး ဒီဟာကိုအရေးယူပေးပါဆိုပြီး လူမှုကွန်ရက်မှာ ကျွန်တော်ရေးထားတယ်"ဟု မြန်မာနိုင်ငံရေသန့်စက်ရုံလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးရဲထွဋ်က ပြောသည်။

 

လူမှုကွန်ရက်တွင်ရေးသားထားမှုကြောင့် အဆိုပါရေစင်ရေမန်းထုတ်သည့်စက်ရုံမှ မန်နေဂျာဆိုသူက သူတို့အနေဖြင့် လက်ရှိတွင်လည်း နာမည်ကြီးရေသန့်ထုတ်နေသည့်အတွက် FDA မလိုဟု ပြန်ပြောခဲ့ကြောင်း ၎င်းက ပြောသည်။

 

အဆိုပါ ရေစင်ရေမန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကပင် စတင်ရောင်းချခဲ့ကြောင်းလည်း သိရသည်။

 

ymg/sth
#Yangon_Media_Group