#LocalNews
Published_ 16 June 2022

 

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Sushma Swaraj Bhawan ၌ ဇွန် ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ (၂၄) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာအဆင့်မြင့်အရာရှိကြီးကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးတွင် အိန္ဒိယအဆင့်မြင့် အရာရှိကြီး H.E. Mr. Saurabh Kumar နှင့် အာဆီယံ-အိန္ဒိယဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူးဖြစ်သည့် စင်ကာပူ အဆင့်မြင့် အရာရှိကြီး H.E. Mr Albert Chua တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

 

အဆိုပါအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group