Published - 21 August 2021
ကိုဗစ်ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေးအတွက် နစက ကအစိုးရရက်ရှည်ရုံးပိတ်ရက်တွေထပ်မံပြီး သတ်မှတ်လာတာကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုအောင်တို့ အမှုတွေကိုမစစ်ဆေးဘဲရက်ရွေ့ဆိုင်းလာတာဟာ တစ်လနီးပါးရှိနေပြီ ဖြစ်တာကြောင့် ရှေ့နေတွေအနေနဲ့ အမှုသည်တွေကို တွေ့ဆုံခွင့်ရဖို့အာဏာပိုင်တွေကို တောင်းဆိုသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ ဝင်တရားလွှတ်တော်ရှေ့နေတွေဆီကနေသိရပါတယ်။