#LocalNews
Published -3 june 2022

 

လတ်တလောတွင် စုပေါင်းစက်ဘီးစီးခြင်းအားကစားများကို ရပ်နားထားရပေမည့်လည်း လာမည့်ပွင့်လင်းရာသီတွင် အခြေအနေကောင်းပါက ပြန်လည်စတင်နိုင်ရန်မျှော်မှန်းထားသည်ဟု Bicycle Networkမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်၊၊

 

Bicycle Network အနေဖြင့် စုပေါင်းစက်ဘီးစီးခြင်းကို ကိုဗစ်ကာလမှယနေ့ချိန်အထိရပ်နားထားရပေမည့်လည်း ကျန်းမာရေးအရတစ်ဦးချင်းစီးခြင်းမျိုး ရှိနေတယ်လို့ဆိုပါတယ်၊၊

 

"ကိုဗစ်တွေစဖြစ်ကတည်းကဟု Bicycle Network အနေနဲ့ စုပေါင်းစက်ဘီးစီးတာ တွေရပ်နားခဲ့တာပါ၊၊

 

အခုချိန်မှာလည်း စားဝတ်နေရေးအခြေအနေတွေကြောင့်ရော၊ လုံခြုံရေးအခြေအနေတွေကြောင့်ပါ စုပေါင်းစက်ဘီးစီးတာတွေကို Bicycle Network အနေနဲ့ရပ်နားထားပါတယ်၊၊ လာမယ့်ပွင့်လင်းရာသီမှာ လုံခြုံရေးအခြေအနေရော အခြားအခြေအနေ တွေပြန်ကောင်းလာမယ်ဆိုရင်တော့ ပြန်စီးမှာပေါ့နော်၊၊ အခုချိန်မှာတော့ အဖွဲ့လိုက်မစီးဖြစ်ပေမယ့် ကျန်းမာရေးအရတစ်ဦးချင်း ပြန်စီးနေကြတာမျိုးတော့ရှိတယ်"လို့ Bicycle Network မှ တာဝန်ရှိသူတစ်ဦးက YMG ကိုပြောပါတယ်၊၊

 

စက်ဘီးစီးအားကစားဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အစုအဖွဲ့နဲ့စက်ဘီးစီးခြင်းအားဖြင့် ပျော်ရွှင်မှုတွေကို ရရှိစေတာဖြစ်ပါတယ်၊၊

 

ကိုဗစ်တွေစဖြစ်လာချိန်မှာတော့ Bicycle Network မှ စက်ဘီးစီးသူတွေဟာ ကိုဗစ်ကူးစက်မှုမရှိအောင် စုပေါင်းစီးခြင်းမျိုး မလုပ်ဘဲ တစ်ဦးချင်းစီစီးနေတာမျိုး၊ အဖွဲ့ငယ်လေးတွေ စုပေါင်းစီးနေကြတာမျိုးရှိကာ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်နဲ့ မှော်ဘီမြို့နယ်တွေကို သွားရောက်စီးကြသူတွေရှိတယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group