#LocalNews
Published_3 Jone 2022

 

ကော့သောင်း-ရနောင်း ရေလမ်းမှတစ်ဆင့် MOU လုပ်သား ၈၀ ဦး ထိုင်းနိုင်ငံသို့ ထပ်မံရောက်ရှိ ခဲ့ကြကြောင်း သိရသည်။

 

ယင်းအလုပ်သမားများမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင် ပွင့်ဖူးအောင် ကုမ္ပဏီနှင့် စာချုပ် ချုပ်ဆိုထားသူများ ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် မင်္ဂလာဒုံလေဆိပ်မှ ကော့သောင်းသို့ လေကြောင်းဖြင့်သွားရောက်ကာ ယင်းမှ တစ်ဆင့် ကော့သောင်း - ရနောင်းဂိတ် ရေလမ်းမှ သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

အလုပ်သမား ၈၀ ဦးတွင် အမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၃၂ ဦး ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့ရှိ food blessing co.ltd ပိုင် source အချည်ရည် စက်ရုံတွင် အလုပ်လုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မေလဒုတိယအပတ်မှစတင်၍ လက်ရှိအချိန်အထိ ပြည်တွင်းအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီကုမ္ပဏီများမှ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွှတ်ပေးခဲ့သည့် အလုပ်သမားအရေအတွက် ၁၉၂၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group