#LocalNews
Published_3 June 2022


ကိုဗစ်ကြောင့် (၂)နှစ်ကျော်ကြာပိတ်ထားခဲ့ရသည့် ထိုင်း - မြန်မာနယ်စပ် ကော့သောင်း-ရနောင်းဂိတ်ကို ဇွန်လတစ်ရက်တွင် ပြန်ဖွင့်ခဲ့ပြီဖြစ်သည်။

 

ကော့သောင်းဒေသခံပြည်သူများအနေဖြင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ သွားရောက်လိုပါက Border Pass နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ဖြင့် ရေလမ်းမှတစ်ဆင့် သွားရောက်နိုင်သည့်အပြင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့်လည်း ကိုဗစ်စည်းကမ်းချက်များနှင့်အညီ သွားရောက်နိုင်ပြီဖြစ်ကြောင်းသိရသည်။

 

ကော့သောင်းမြို့မှ ရနောင်းမြို့သို့ စက်လှေဖြင့်သွားရောက်ပါက စက်လှေခ အသွားဘတ် ၂၅၀ အပြန် ဘတ် ၂၅၀ စုစုပေါင်း ဘတ် ၅၀၀ ကုန်ကျမှာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ခွင့်ပြုရန်အတွက် မြန်မာဘက်မှာ တံဆိပ်တုံးထုခ ကျပ်ငွေ ၃၀၀ နှင့် ထိုင်းဘက်တွင် ဘတ် ၁၅၀ ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group