#LocalNews
Published -3 June 2022

 

တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချမ်း-မြန်မာ) နိုင်ငံတကာအထူးရထားဖြင့် ပို့ဆောင်လိုက်သည့် ပထမဆုံးအသုတ်ကုန်ပစ္စည်းများ မြန်မာပြည်တွင်းသို့ဝင်ရောက်လာပြီဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်လိုက်သည်၊၊

 

(ချုံချင့်-လင်ချမ်း-မြန်မာ)နိုင်ငံတကာအထူးရထားဖြင့်ရောက်လာသည့် ကုန်ပစ္စည်းများကိုချင်းရွှေဟော်နယ်စပ်ဂိတ်၌ ကုန်တင်ကားများဖြင့်ပြောင်းလဲကာ ကုန်းလမ်းခရီးဖြင့် မြန်မာပြည်တွင်းဝင်ရောက်လာခြင်းဖြစ်ပြီး နောက်ဆုံးဂိတ်ဖြစ်သည့်မန္တလေးကိုဆက်လက်ပို့ဆောင်သွားမည်ဖြစ်ပါသည်၊၊

 

တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချမ်း-မြန်မာ)နိုင်ငံတကာအထူးရထားသည် မေလ (၂၃)ရက်နေ့တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှ စတင်ထွက်ခွာလာခဲ့ပြီး (၂၈) ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ်ဂိတ်သို့ရောက်ရှိကာ ဇွန်လ ၁၀ ရက်နေ့တွင် နောက်ဆုံးဂိတ် မန္တလေးသို့ရောက်ရှိမည်ဟုခန့်မှန်းရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

အဆိုပါရထားတွဲ၌ စံချိန်မီကွန်တိန်နာပေါင်း အလုံး ၆၀ သယ်ဆောင်လာရာ စက်ပစ္စည်းများ၊ အီလက်ထရောနစ်အပိုပစ္စည်းများ၊ ကားနှင့်ဆိုင်ကယ်အပိုပစ္စည်းများ စသည်တို့ပါဝင်ကြောင်းသိရသည်၊၊

 

ရထားတွဲသည် ယူနန်ပြည်နယ် လင်ချန်းနယ်စပ်ဂိတ်မှတစ်ဆင့်ပြည်ထွက်၍ ကားလမ်းနှင့်ရထားလမ်း ပူးပေါင်းပို့ဆောင်သည့်ပုံစံဖြင့် ၁၅ ရက်အကြာတွင် မြန်မာနိုင်ငံ မန္တလေးမြို့သို့ရောက်ရှိမည်ဟုဖော်ပြ ထားသည်၊၊

 

ခန့်မှန်းတွက်ချက်မှုအရ တရုတ်နိုင်ငံချုံချင့်နှင့်၊မြန်မာနိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာချိန်သည် သမားရိုးကျနည်းလမ်းထက် ရက် ၂၀ လျော့နည်းသွားမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုအရင်းအနှီး ၂၀% လျှော့ချနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ယခင်ထုတ်ပြန်ချက်အရသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group