#LocalNews
Published_30 May 2022

 

ထိုင်းနိုင်ငံသို့ နယ်စပ်ဂိတ်ပေါက်များမှဖြစ်စေ၊ လေကြောင်းလိုင်းများဖြင့်ဖြစ်စေ သွားရောက်သူများအနေဖြင့် ဇွန်လ တစ်ရက်ကစ၍ ကွာရန်တင်း ဝင်ရန်မလိုတော့ကြောင်း သိရသည်။

 

နယ်စပ်ဂိတ်များမှ Thailand Pass ဖြင့် နဂိုအတိုင်း မှတ်ပုံတင်ရန်၊ ကိုဗစ်ကာကွယ်ဆေးရရှိထားသူများ အထောက်ထားတင်ပြ၍ ကျန်းမာရေး (အာမခံ) ငွေ သတ်မှတ်အမေရိကန်ဒေါ်လာတင်ပြရန်၊ ကိုဗစ်ကာကွယ်ဆေး မထိုးနှံထားသူ (သိုမဟုတ်) အကြိမ်ပြည့် မထိုးနှံထားသူများအနေဖြင့် Professinal ATK (သိုမဟုတ်) RT-PCR ဖြင့် ၇၂ နာရီအတွင်း မဝင်ရောက်မီ အထောက်ထား တင်ပြရန် လိုအပ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံအနေဖြင့် လာမည့် ဇွန်လမှ စက်တင်ဘာလအတွင်း နိုင်ငံတကာခရီးသွား တစ်လလျင် ငါးသိန်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း တစ်လလျင် နိုင်ငံတကာ ခရီးသွား တစ်သန်းထိ ဝင်ရောက်မည်ဟု ခန့်မှန်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group