Published_30 May 2022

ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့်ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့အတွက် နစက ဥက္ကဌ၏ ဆွေးနွေးချက်အပေါ်"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) က သဘောတူကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ  ဦးလော့ယာကုတို့ ယနေ့မေလ(၃၀)ရက်က နေပြည်တော်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြရမှာ ဦးလော့ယာကုက ယခုလိုသဘောတူခဲ့တာဖြစ်ကြောင်း နစက,က သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

ယနေ့ မေလ ၃၀ ရက် ဆွေးနွေးပွဲတွင် နစက ဥက္ကဌက ငြိမ်းချမ်းမှုရှိမှသာဒေသတည်ဆောက်ရေး  တိုင်းပြည်တည်ဆောက်ရေးကို ပိုမိုသွက်လက်စွာဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် တိုင်းပြည်၏လိုအပ်ချက်များ၊ဒေသခံတိုင်းရင်းသားများ၏လိုအပ်ချက်များနှက့်မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးမှစ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စဉ်းစားလုပ်ဆောင်သွယးရန်လိုအပ်သည့်အခြေအနေများ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ပညာရေး၊ကျန်းမာရေးတို့ကို ပူးပေါင်းဆောင်ရွက်ပြီးဒေသခံများ၏လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူဖြစ်စေနိုင်မည့်အခြေအနေများ ၊ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသောပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးဆိုင်ရာကိစ္စ၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့်ပြည်ထောင်စုစနစ်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ယင်းအပေါ် သဘောတူကြောင်း UWSA က ထောက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။

"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ဖက်မှ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့်ပြည်ထောင်စုစနစ်တည်ဆောက်ရေးနှင့် ပတ်သက်၍  သဘောတူကြောင်းဆွေးနွေးသည့် အပြင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကိုတင်ပြခဲ့ကြကြောင်း သိရသည်။

ယနေ့ဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်တွေဖြစ်ကြတဲ့ ဗိုလ်ချူပ်ကြီးမြထွန်းဦး၊ဒုတိယဗိုလ်ချူပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ခဲ့ကြပါတယ်။ UWSA ဘက်က ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့်အတူ ပြင်ပဆက်ဆံရေးဌာနကြီးမှဓး  ဦးပေါက်အိုက်ကော်နှင့် ပြင်ပဆက်ဆံရေးဌာန၊လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ  ဦးညီရန်းတို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

"ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်မရေးထိုးရသေးသော အဖွဲ့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့အနေဖြင့် နစက မှ ဖွဲ့စည်းပေးထားသော ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့နှင့် ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရပါတယ်

ymg/mt

Yangon_Media_Group