#LocalNews
Published - 30 May 2022

 

ပြည်ပဆန်တင်ပို့မှုတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် ဘဏ်များ၊ အစိုးရဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးမှ ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။

 

အဆိုပါ အခက်အခဲမှာ ပြည်ပတင်ပိုလိုရသည့်ဝင်ငွေကို ၁၈၅၀ ဖြင့်ရောင်းပေးသည့်အခါတွင် အချို့ပုဂ္ဂလိကဘဏ်များက အလုပ်ရက်တစ်ရက်အတွင်း ၁၈၅၀ ဖြင့် ချက်ခြင်းလဲ၍ရသော်လည်း နိုင်ငံခြားဘဏ်တွေနှင့် တချိုဘဏ်များမှာ မရတာရှိကြောင်း၊ ငွေသားထုတ်ဖို့စောင့်သည့် အခက်ခဲတွေရှိကြောင်း သိရသည်။

 

" ငွေသားရရှိဖို့အတွက် ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာဆိုရင် တစ်ရက်အတွင်းမှာ ဒါကို ၁၈၅၀ နဲ့လဲရမယ်၊ လဲပေးပြီးတယ့်အခါကျရင် မြန်မာငွေနဲ့ထည့်ပေးရမယ်ဆိုတာပါတယ်၊ အဲဒါကိုဘဏ်တိုင်းက လုပ်မပေးနိုင်သေးဘူး၊ ဘဏ်တွေမှာ အခက်ခဲရှိတာတွေ့ရတယ်၊ ဒုတိယတစ်ချက်က နိုင်ငံခြားကို ရောင်းတယ့်အခါမှာ သင်္ဘောတင်တယ့် စရိတ်စကတွေကို ကုမ္ပဏီတွေဘက်ကခံတယ်ဆိုလို့ရှိရင် သင်္ဘောတင်တယ့်စရိတ်စကတွေကို နိုင်ငံခြားကို ဒေါ်လာနဲ့ပြန်လွှဲပေးရတယ်၊ အခုကတော့ ညှိနှိုင်းပြီးတေ့ာ အစိုးရဘက်က လုပ်တော့လုပ်ပေးမယ်ဆိုတဲ့ အနေအထားရှိပါတယ်၊ ဒီအခက်အခဲလေးတွေကို ညှိနှိုင်းပြီးတော့ ဘဏ်တွေနဲ့ရော သက်ဆိုင်ရာဌာနနဲ့ရောညှိနှိုင်းပြီးတော့ လုပ်ဆောင်ရမယ့်သဘောဖြစ်ပါတယ်"ဟု ဦးရဲမင်းအောင်က ပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုမှာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၀ ခန့်၊ အာဖရိကနိုင်ငံများသို့ဆန်တန်ချိန် ၄၂၆၀၀ ခန့်တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ ဧပြီလအတွက် စုစုပေါင်း ဆန်တန်ချိန် ၁၂၃၄၄၀ ကျော် တန်ဖိုးအား ဖြင့်ကန်ဒေါ်လာ ၄၂ ဒသမ ၇၀၈ သန်းရရှိခဲ့ကြောင်းသိရသည်။

 

ymg/sth
#Yangon_Media_Group