#LocalNews
Published_30 May 2022

 

“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဒု(UWSA)ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နစကဥက္ကဌနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ယနေ့ မေလ ၃၀ ရက်တွင်နေပြည်တော်၌ တွေ့ဆုံရန် မနေ့က မေလ ၂၉ ရက်တွင် ရောက်ရှိလာကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သူကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဖိတ်ခေါ်ခဲ့ခြင်းလည်း ဖြစ် သည်။

UWSA အဖွဲ့အနေဖြင့် ထို့နောက် မေလ ၃၁ ရက်တွင် နစက အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း လည်း သိရသည်။

 

လက်ရှိတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ဥက္ကဋ္ဌ စောထော့လေး တို့နှင့် တွေ့ဆုံဆွေးနွေးထားပြီးလည်း ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group