#LocalNews
Published_24 May 2022

 

အစိုးရနှစ်ဆက် သမ္မတရုံးပြောခွင့်ရှိသူ ဦးဇော်ဌေး၏ ရုပ်အလောင်းကို ယနေ့ မေလ ၂၄ ရက်တွင် ကွေ့ကြီးသုသာန်၌ ဂူသွင်းသဂြိုလ်လိုက်ကြောင်း သိရသည်။

ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ၌ ဦးဇော်ဌေး၏ရုပ်အလောင်းကို သရဏဂုံတင်ခြင်း ပြုလုပ်ခဲ့ရာ သူငယ်ချင်းဖြစ်သူ စစ်တက္ကသိုလ် အပတ်စဉ်တစ်ခုတည်းဆင်းသည့် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် စစ်ဘက်အရာရှိအချို့နှင့် ရဲအရာရှိအချိုလည်း လာရောက်ခဲ့ကြသည်။

ဦးဇော်ဌေးသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၇) ဆင်းဖြစ်ပြီး ဗိုလ်မှူးဟောင်းတစ်ဦးလည်းဖြစ်ကာ သမ္မတဦးသိန်းစိန်နှင့် သမ္မတဦးဝင်းမြင့်တို့လက်ထက်က သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်းဖြစ်သည်။

 

ဦးဇော်ဌေးသည် မေလ ၂၃ ရက် နံနက်က နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၄၉ နှစ် ရှိပြီ ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group