#LocalNews
Published -24 May 2022

 

မေလ(၂၄)ရက်နေ့လည်အချိန်ခန့်မှာ ပေါင်မြို့နယ် အလှပ်ကျေးရွာကို လေဆင်နှာမောင်း ဝင် ရောက်တိုက်ခတ်သွားတယ်လို့ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေထံမှ သိရပါတယ်၊၊

 

အိမ်ခြေ(၁၀၀)ခန့်ပျက်စီးခဲ့ပြီး အိမ်ခြေ(၅)လုံးဆိုးဆိုးရွားရွားပျက်စီးသွားတယ်လို့ ကနဦးသတင်းရထားပါတယ်၊၊

 

ဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးရပြီး သွပ်မိုးတွေလန်တာ၊ သစ်ပင်တွေကျိုးကျတာ ပိတာတွေ ရှိတယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group