#Local_News
Published_ 24 May 2022

 

ထိုင်းနိုင်ငံသို MOU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ဒီကနေ့နံနက်ပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား ၃၀ ဦးဟာ အလုပ်လုပ်ကိုင်ရန် ပထမအသုတ်အဖြစ်ထွက်ခွာသွားကြောင်း ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါ မြန်မာအလုပ်သမား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦးအား ပြည်ပ အလုပ်အကိုင် အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီတစ်ခုဖြစ်တဲ့ Pwint Phoo Aung Co,Ltd မှ ထိုင်းနိုင်ငံရှိ G and A Thaifruits Co,Ltd သို့ (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။

အဆိုပါအလုပ်သမားများမှာ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဒီကနေ့နံနက်ပိုင်းတွင် ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်ပ်ဂိတ်မှတဆင့် ရေလမ်းခရီးဖြင့် ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

 

ထိုင်းသို့သွားရောက်မည့် အလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့သောင်း ခရိုင်ရုံးနှင့် တာဝန်ရှိသူများက လိုအပ်တဲ့စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။

 

ယခုရက်ပိုင်းအတွင်း MOU စနစ်ဖြင့် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် သက်ဆိုင်ရာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်(ထိုင်း) လိုင်စင်ရအေဂျင်စီ အသီးသီး၏ အစီအစဉ်ဖြင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ ထပ်မံထွက်ခွာရန်ရှိကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group