Published 18 May 2022

ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ အသက် ၉၁နှစ်သည် ယနေ့ ညနေ ၇ နာရီခန့်က ကွယ်လွန်သွား‌ကြောင်း သိရသည်။

"သူက အကောင်းကြီး။ ကျန်းမာပါတယ်။နေ့လယ်က မူးတယ်လို့ပြောတယ်တဲ့။မသက်သာလို့ညနေမှ သူနေတဲ့ ရွှေပြည်သာကနေအင်းစိန်ဆေးရုံကို ယူတာ။ ဆေးရုံအဝင်မှာပဲ ဆုံးတာ။သွေးတိုးတာဖြစ်ဖို့များတယ်။လက္ခဏာကတော့လေ"ဟုဦးသုဝေ၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက YMG ကိုပြောသည်။

သူသည် ဒီမိုကရက်တစ်ပါတီ ၏ ဦးဆောင်သူလည်းဖြစ်ပြီး ပြီးခဲ့သည့်မေလ ၁၂ ရက်က လက်ရှိနိုင်ငံရေးအပေါ် ကျော်လွှားနိုင်မည့် အခြေအနေများကို သုံးသပ်ပြောကြားရေးသားခဲ့သေးသည်။