#Local_News
Published_ 18 May 2022

 

ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်မှုဖြစ်ပေါ်နေတဲ့ တောင်သူများကို ထုတ်ချေးပေးထားတဲ့ ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရမယ့်ကာလကို ၂၀၂၂ ခုနှစ် မတ်လကုန်အစား စက်တင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးလိုက်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကြေညာထားပါတယ်။

 

အလားတူ ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးမယ့် နောက်ဆုံးရက်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အစား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

တောင်သူများအနေနဲ့ ယခင်ချေးငွေများနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများနဲ့ အချိန်မီဆက်သွယ်ဆောင်ရွက်ကြဖို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ကြေညာထားပါတယ်။

 

ymg-mnn
#Yangon_Media_Group