#Local_News
Published_ 8 May 2022

 

ဧပြီလအတွင်း နိုင်ငံပေါင်း ၄၉ နိုင်ငံသို့ ရေထွက်ကုန် တန်ချိန် ၃၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ပြည်ပနိုင်ငံများသို့ ဧပြီလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ ပို့ကုန်ရငွေ အမေရိကန် ဒေါ်လာ ၄၉ သန်းကျော်ရရှိခဲ့ကြောင်း သိရပါတယ်။

 

တင်ပို့မှုများတွင် ငါး၊ ပုစွန် စတဲ့ ရေထွက်ကုန်များပါဝင်ပြီး ပြည်ပနိုင်ငံ ၄၉ နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

 

အဆိုပါ တင်ပို့မှုများတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၉ သန်းခန့် စုစုပေါင်း ဒေါ်လာ ၄၉ သန်းကျော် ရရှိခဲ့ကြောင်း သိရပါတယ်။

 

ရေထွက်ကုန်တင်ပို့နိုင်မှုတွင် ကော့သောင်းမှပြည်ပသို့ တင်ပို့မှုများခဲ့ကာ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ထွက်ရှိသောရေထွက်ကုန်များကို အဓိကတင်ပို့ခြင်းဖြစ်ပါတယ်။

 

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ပြည်ပသို့ရေထွက်ကုန် တင်ပို့နိုင်မှုမှာ ပုံမှန် အခြေအနေသို့မရောက်သေးဘဲ လတ်တလောတွင် ထိုင်းနှင့် တရုတ်တို့သို့ ရေကြောင်း ကုန်သွယ်မှုဖြင့် အများဆုံးတင်ပို့နေကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group