#Local_News
Published_ 8 May 2022

 

ပြန်တမ်းဝင်အရာရှိအဆင့် လစ်လပ်ရာထူးများအတွက် ရေးဖြေစာမေးပွဲကို စာစစ်ဌာန ၅ ခုတွင် ကျင်းပလျက်ရှိရာ ဝင်ရောက်ဖြေဆိုသူ ၁၂၀၇ ဦးရှိကြောင်း သိရပါတယ်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၂) ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၄) ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး ၁၁၁၆ နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြိုများရှိ စာစစ်ဌာန ၅ ခု၌ မေ ၇ ရက်နှင့် မေ ၈ ရက်တိုတွင် ကျင်းပလျက်ရှိပါတယ်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဦးသန်းဆွေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမှတ်(၃)နှင့် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းများရှိ နေပြည်တော် စာစစ်ဌာနများသို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်နှင့်အတူ မန္တလေးမြို့အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းရှိ မန္တလေးစာစစ်ဌာနသို့ လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်သည် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းရှိ ရန်ကုန်စာစစ်ဌာနသို့ လည်းကောင်း အဆိုပါရာထူးဝင်ခွင့် ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group