#Local_News
Published_ 8 May 2022

 

ဆံရစ်ဝိုင်းရွာဟု ထင်ရှားသည့် ရေပုတ်ကြီးကျေးရွာမှ ကျောင်းသား/ကျောင်းသူ ၂၀၄ ဦးဟာ ယဉ်ကျေးလိမ္မာ သင်တန်းပြီးမြောက်၍ သင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဆံရစ်ဝိုင်းရွာ (ခေါ်) ရေပုတ်ကြီး ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် မေ ၆ ရက် နံနက်ပိုင်းက ယဉ်ကျေး လိမ္မာသင်တန်းဆင်းပွဲနှင့် ဆုများပေးအပ်ချီးမြှင့်ပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။

သင်တန်းကို ရေပုတ်ကြီးကျေးရွာရှိ လူငယ်များအား လိမ္မာယဉ်ကျေးပြီး အသိဉာဏ် ရှိသော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ သင်တန်းကို ဆရာ၊ ဆရာမ ၁၂ ဦးက ကျောင်းသား၊ ကျောင်းသူ ၂၀၄ ဦး တို့အား မတ် ၂၆ ရက်မှ မေ ၆ ရက်အထိ သင်ကြားပို့ချပေးခဲ့တာ ဖြစ်ပါတယ်။

 

ymg-mnn
#Yangon_Media_Group