Published 6 May 2022

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)က မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစည်းအဝေးကို ယနေ့ မေလ(၆)ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ စတင်ကျင်းပနေပါတယ်။

အချို့သော သူတွေက အွန်လိုင်းကနေ ပါဝင်တက်ရောက်တဲ့ အဆိုပါ နှစ်မျိုးစပ် အစည်းအဝေးမှာ မြန်မာနိုင်ငံက နစက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်လည်းတက်ရောက်နေပါတယ်။

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့်  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာပရက်ဆိုခွန်း၊အာဆီယံအတွင်းရေးမှူးချုပ်နှင့်အခြား အာဆီယံ(၉)နိုင်ငံရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ၊ ပြင်ပမိတ်ဖက်အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အထူးပြုအေဂျင်စီတွေနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းတွေတက်ရောက်နေကြပါတယ်။

ဒီအစည်အဝေးဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်ရဲ့ အစိတ်အပိုင်းတစ်ခုကို အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။  အစည်းအဝေးရဲ့ဆွေးနွေးချက်တွေကိုတော့ အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Source :AP