#LocalNews
Published_2 May 2022

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်လှူဒါန်းမှုကိစ္စ ဒေါ်အောင်ဆန်းစုကြည်အဂတိအမှုကို ယနေ့ မေလ ၂ ရက်တွင် နေပြည်တော် ဇမ္ဗူသီရိတရားရုံး၌ စတင်စစ်ဆေးကြောင်း ရှေ့နေအသိုင်းအဝိုင်းက သိရသည်။

 

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသော အဂတိအမှုများအနက် အမှတ် CRT ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့ကို စစ်ဆေးခြင်းဖြစ်ကြောင်း၊ ဦးမောင်ဝိတ်လှူဒါန်းသည်ဆိုသည့် အဂတိအမှုအတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ တာဝန်ရှိသူ တရားလို ဦးရဲထက်အား အထူးတရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးတာ ဖြစ်ပါတယ်။ တရားလိုဦးရဲထက်ကိုပဲ စစ်သေးတာပေါ့”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်ဆောင်ဆန်းစုကြည်ကို စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်က ဒေါ်လာငွေ ၅ သိန်း လာဘ်ထိုးခဲ့တယ်ဆိုကာ အဂတိအမှုဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။

 

ymg/mt
Yangon_Media_Group